a las barricadas

pinkius
August 2020
image for a las barricadas

A Las Barricadas

တစ်နည်းနည်းနဲ့ တစ်နေရာရာက တစ်ချိန်ချိန်မှာ ကျနော်အချိန်ခရီးသွားစက် ရလာတယ်။ အဲ့ဒါက နာရီလက်တံတွေကို စိတ်နဲ့လှည့်လို့ရတဲ့ လက်ပတ်နာရီလေးသက်သက်ပဲ။ စိတ်နဲ့လှည့်နေတဲ့အချိန်မှာ အချိန်ကရပ်သွားတယ်။ ဘေးကခလုတ်ကိုတစ်ချက်ဖိရင် မလှည့်ခင်နေရာပြန်ရောက်ပြီး ရပ်‌နေတဲ့အချိန်က ရှေ့ပြန်ဆက်သွားတယ်။ အဲ့ခလုတ်ကိုပဲ သုံးစက္ကန့်လောက် ဖိလိုက်ရင် လှည့်ထားတဲ့အချိန်ကို နာရီပတ်ထားတဲ့သူက ရောက်ပြီးနာရီက ပြန်လည်တယ်။

မိုနိုပိုလီဘုတ်ပြားအလယ်ခေါင်ကလူက ကဒ်သုံးကဒ်ဘုတ်ပြားပေါ်ချတယ်။ ကျနော့်ကို တစ်ကဒ်ရွေးခိုင်းတယ်။ လက်ဝဲဘက်ကကဒ်ကို ရွေးလိုက်တယ်။ မိုနိုပိုလီကိုကျနော်မုန်းတယ်။ လက်ယာအယူအဆကို ကျနော်မုန်းတယ်။ လက်ဝဲလက်ယာမယိမ်းတဲ့ သတ္တိမဲ့အယူအဆကိုလည်း ကျနော်မုန်းတယ်။

"ကျွန်ခံပါ" လို့ကဒ်ပြားမှာရေးထားတယ်။

ကျနော်အချိန်နောက်ပြန်ဆုတ်လိုက်တယ်။ တစ်သက်လုံး ကိုယ့်ရွေးချယ်မှုတစ်ခုမှမပါဘဲ ကျွန်ခံပြီးပြီ။ ကျွန်ခံပါဆိုတာကို ကိုယ့်စိတ်နဲ့ကိုယ်တော့ မရွေးနိုင်ဘူး။

လီးဖြစ်လို့ အခြားကဒ်‌မရွေးတာလားလို့ ခင်များက ကျနော့်ကိုပြောချင်ပြောလိမ့်မယ်။

ဟုတ်တယ်။ လီးဖြစ်လို့အခြားကဒ်မရွေးဘူး။

မိုနိုပိုလီဘုတ်ပြားအလယ်ခေါင်က လူရဲ့ခေါင်းကိုကိုင်ပြီး ဘုတ်ပြားပေါ် အကြိမ်ရေမရေမတွက်နိုင်လောက်အောင် ဆောင့်ရိုက်လိုက်တယ်။ အလယ်ကကဒ်သုံးကဒ်က မိုနိုပိုလီဘုတ်ပြားအလယ်ခေါင်က လူရဲ့ကွဲအက်နေတဲ့ခေါင်းအောက်မှာ သွေးတွေစိုပြီးညှပ်လို့။ မိုနိုပိုလီပိုက်ဆံတွေကို တစ်စစီဆွဲဖြဲတယ်။

ဘေးပတ်လည်မှာ မိုနိုပိုလီဆော့နေတဲ့ထဲက မကျေနပ်တဲ့သူတွေက ကျနော့်ကိုဝိုင်းချုပ်တယ်။ ကမ္ဘာဦးအစကို အချိန်နောက်ပြန်ဆုတ်လိုက်တယ်။ တင်းပုတ်တစ်လုံးရှာပြီး ဝိုင်းချုပ်မခံရခင်ကအချိန်ကို ပြန်လာတယ်။ မကျေနပ်တဲ့သူတွေ ထိုင်ခုံကထမလာခင် တင်းပုတ်နဲ့ထုတယ်။ ဆွဲဖြဲထားတဲ့ ငွေစက္ကူတွေက ပွင့်ထွက်နေတဲ့ ဦးနှောက်တွေကြားကပ်နေလို့။

ဆန္ဒမပါဘဲ မတတ်သာလို့ တစ်ခုခုကို တစ်နည်းနည်းနဲ့ တစ်နေရာရာက တစ်ချိန်ချိန်မှာ လုပ်ခဲ့ရတဲ့ ပထမဆုံးကျွန်ဆီ အချိန်နောက်ပြန်ဆုတ်တယ်။ အဲ့လူကို သွေစိုနေတဲ့တင်းပုတ်နဲ့ လက်ပတ်နာရီ ပေးခဲ့လိုက်တယ်။

ဆက်မရေးချင်တော့ဘူး။ ဘယ်သူမှန်းမသိတဲ့သူက ကျနော့်ကို တင်းပုတ်နဲ့နာရီလာပေးတယ်။

book.svg

Songs And Stories
Made With Love And Svelte