your hands are cold
သူမက ကျနော့်ဘေးကခုံပေါ်မှာ မျက်လုံးပိတ်လျက်။ ကျနော့်အိမ်ရှေ့ရောက်တော့ ကားကိုအိမ်ဘေးက နေရာလွတ်မှာ ထိုးလိုက်တယ်။ ကားရပ်ပြီးတော့ သူမကိုလှည့်ကြည့်မိတယ်။ သူမမျက်နှာလေးက အေးချမ်းလိုက်တာ။ သူမကိုပတ်ထားတဲ့ ထိုင်ခုံခါးပတ်ကို ညင်ညင်သာသာဖယ်လိုက်တယ်။ သူမဆံပင်ကိုသပ်ပြီး ပါးလေးကို နမ်းလိုက်တယ်။
ကားပေါ်ကဆင်းပြီး အိမ်တံခါးဖွင့်လိုက်တယ်။ အိမ်မှာဘယ်သူမှ မရှိဘူး။ အိမ်မီးတွေနဲ့ အဲကွန်းတွေဖွင့်ဖို့ google home ကို အမိန့်ပေးလိုက်တယ်။ အိမ်ပြင်ပြန်ထွက်ပြီး သူမဘေးက ကားတံခါးဖွင့်၊ ကားပေါ်ကနေ သူမကို ညင်ညင်သာသာချီလာခဲ့တယ်။ သူမမျက်နှာလေးက ငြိမ်းချမ်းနေတာပဲ။ သူမကိုချီပြီး ဘယ်သူမှမရှိတဲ့ ကျနော့်အိမ်ထဲကို ခေါ်လာခဲ့တယ်။ ကျနော့်အခန်းထဲက ကုတင်ပေါ် ဖြည်းဖြည်းချင်း တင်လိုက်တယ်။ သူမခေါင်းကို ခေါင်းအုံးအလယ်မှာ သေချာထားပြီး စောင်ခြုံပေးလိုက်တယ်။ သူမမျက်လုံးပိတ်နေတုန်းပဲ။ သူမပါးပြင်ကို ကြင်ကြင်နာနာ ပွတ်သပ်လိုက်တယ်။ သူမကို မနာလိုလိုက်တာ။
ဗိုက်ဆာလိုက်တာ။ အိမ်ရှေ့ပြန်ထွက်ပြီး pride & prejudice ထဲက your hands are cold သီချင်းဖွင့်ဖို့ google home ကို ပြောလိုက်တယ်။ မီးဖိုဖွင့်၊ ရေထည့်ထားတဲ့အိုးတင်ပြီး အသင့်စားခေါက်ဆွဲထုတ်နဲ့ ကြက်အူချောင်း ထည့်လိုက်တယ်။ မီးကိုပြန်လျော့ပြီး၊ အဝတ်အစားချွတ်၊ ရေသွားချိုးဖြစ်တယ်။ ရေနွေးတွေကိုယ်ပေါ်စီးကျနေပေမယ့်၊ တစ်နေရာရာက အေးစက်နေတုန်းပဲ။ ဘယ်နေရာမှန်း ခံစားလို့မရဘူး။ ဘယ်လောက်အားစိုက်ပြီး ကိုယ်ကိုပွတ်တိုက်ပွတ်တိုက်၊ တစ်နေရာရာက ညစ်ပေနေသလို ခံစားရတယ်။
“ညစ်ပေနေမှာပေါ့၊ မင်းမိန်းမကို မင်းသတ်ခဲ့တာကို”
“ဟင့်အင်း၊ သူကနဂိုတည်းက သေနေပြီးသားပဲ”
“မဟုတ်ဘူး၊ သူသေနေပြီးသားဆိုတာက မင်းမကယ်ခဲ့လို့”
“အဲ့တုန်းက ငါအလုပ်တွေရှုပ်နေတယ်”
“ဆင်ခြေတွေမပေးနဲ့၊ သူက အနှောက်အယှက်ဖြစ်လွန်းလို့ဆိုပြီး မင်းဘာသာ အလုပ်တွေဖိလုပ်နေတာ”
“ငါသိတယ်၊ ပါးစပ်ပိတ်နေပေးလို့မရဘူးလား”
တစ်ယောက်ထဲ ရေချိုးခန်းထဲမှာ အော်နေမိတယ်။ အိပ်ခန်းထဲက သူမတော့ မကြားလောက်ပါဘူး။ ငိုချင်လိုက်တာ။ ဘာလို့မှန်းမသိဘဲ၊ ငိုလို့မရဘူး။ ငိုမရမယ့်အတူတူ၊ ကိုယ်ကိုရေသုတ်ပြီး၊ ရေချိုးခန်းက ထွက်လာခဲ့တယ်။ မီးဖိုမီးပြန်တင်ပြီး ကြက်ဥတစ်လုံး ဖောက်ထည့်လိုက်တယ်။ အိပ်ခန်းထဲမှာ ညအိပ်အင်္ကျီသွားထုတ်ပြီး ဝတ်လိုက်တယ်။ သူမက အိပ်နေတုန်းပဲ။
“မင်းမိန်းမ အိပ်ခဲ့တဲ့ကုတင်ပေါ်မှာ ဘယ်ကကောင်မလေး ရောက်နေတာလဲ ကြည့်စမ်း”
“တိတ်တိတ်နေစမ်းပါ”
အဝတ်ပြန်ဝတ်ပြီးတော့ မီးဖိုမီးထွက်ပိတ်လိုက်တယ်။ ခေါက်ဆွဲကို ပန်းကန်လုံးထဲထည့်ပြီးတော့ google home ကို သီချင်းပိတ်ဖို့ အသံအမိန့်ပေးလိုက်တယ်။ ပန်းကန်လုံးထဲ တူနဲ့ဇွန်းထည့်ပြီး တီဗီရှေ့ကစားပွဲပေါ် တင်လိုက်တယ်။ အဲ့စားပွဲပေါ်က အရက်ပုလင်း အဖုံးဖွင့်ပြီး အရက်ခွက်ထဲ အရက်နည်းနည်း ထည့်လိုက်တယ်။ တီဗီဖွင့် ကြည့်လက်စ house md ဆက်ကြည့်ရင်း ခေါက်ဆွဲပြုတ်ကို ဖြည်းဖြည်းချင်းစားတယ်။ ခေါက်ဆွဲပြုတ်ကပူနေပေမယ့်၊ တစ်နေရာရာက အေးစက်နေတုန်းပဲ။ တီဗီက အသံထွက်နေပေမယ့်၊ သင်္ချိုင်းထဲရောက်နေသလိုပဲ။ တီဗီစခရင်ပေါ်မှာ ဘာတွေပြနေမှန်းလည်း အာရုံစိုက်လို့မရတော့။ ကျောင်းတုန်းက စာမေးပွဲအတွက်မကြည့်ဘဲ ပယ်ခဲ့တဲ့အခန်းနဲ့ ဆိုင်တဲ့ရောဂါအကြောင်း ဖြစ်လိမ့်မယ်။ အစားစားချင်စိတ်လည်း မရှိတော့။ အရက်ကိုကုန်အောင်မော့ပြီး၊ မအန်မိအောင် စိတ်ကိုမနည်းထိန်းလိုက်ရတယ်။ ပန်းကန်လုံးနဲ့ တီဗီကို ဒီတိုင်းထားခဲ့ပြီး အိပ်ခန်းထဲဝင်လာခဲ့တယ်။
သူမက ငြိမ်းချမ်းမှုအပြည့်နဲ့ ငြိမ်သက်နေတယ်။ ကုတင်ပေါ်ထိုင်ပြီး သူမလည်ပင်းကို နမ်းလိုက်တယ်။ သူမမျက်နှာလေးက ချစ်စရာလေး။ သူမရဲ့ခြောက်သွေ့နေတဲ့နှုတ်ခမ်းကို ကျနော့်နှုတ်ခမ်းနဲ့ တေ့စုပ်လိုက်တယ်။ သူမအောက်နှုတ်ခမ်းသားလေးကို ရှေ့သွားနဲ့ဖိညှပ်ပြီး ပွတ်ဆွဲလိုက်တယ်။ ကျနော့်လက်ဖဝါးနဲ့ သူမရင်သားတွေကို ညင်ညင်သာသာ ဆုပ်ကိုင်ပြီး ပွတ်သပ်နေမိတယ်။ နို့သီးခေါင်းတွေကို လက်ညှိုးနဲ့လက်မကြားမှာ ပွတ်ချေကြည့်တယ်။ အရေပြားကခြောက်သွေ့နေလို့ စောင်ကိုလှန်ပြီး နို့သီးခေါင်းကို လျှာနဲ့သပ်လိုက်တယ်။ ကုတင်ပေါ်တက်၊ သူမကိုခြုံထားတဲ့စောင်ထဲဝင်ပြီး သူမဗိုက်အပေါ် ခွထိုင်လိုက်တယ်။ သူမနို့သီးခေါင်းတွေကို နှုတ်ခမ်းနဲ့တေ့စုပ်ပြီး ရင်ဘက်တစ်ခုလုံးကို လျှာနဲ့လိုက်လျက်တယ်။ တစ်ဖြည်းဖြည်းနဲ့ အောက်ဆင်းရင်း သူမဝမ်းဗိုက်ကိုကုန်းနမ်းပြီးတော့၊ အမွှေးတွေကြားက သူမရဲ့လိင်အင်္ဂါကို ရောက်လာတယ်။ နှုတ်ခမ်းသားကခြောက်သွေ့နေတယ်။ လျက်လိုက်တဲ့လျှာပါ အရေဓာတ်ကုန်ဆုံးသွားသလို ခံစားရတယ်။ ကုတင်ဘေးက စားပွဲအံဆွဲထဲက ချောဆီပုလင်းထုတ်ပြီး သူမနှုတ်ခမ်းသားတွေကို သုတ်လိမ်းလိုက်တယ်။ ပြီးတော့ လက်ညှိုးကိုဆီစွတ်ပြီး အတွင်းကိုညင်ညင်သာသာ ထိုးထည့်တယ်။ နှုတ်ခမ်းအတွင်းက လမ်းကြောင်းက လုံလုံလောက်လောက် ဟနေပြီ။
ညအိပ်ဘောင်းဘီထဲက ကျနော့်ရဲ့လိင်တံကို ဆွဲထုတ်လိုက်တယ်။ လိင်တံဆိုပေမယ့် ပျော့ခွေနေတဲ့အသားစ သာသာပဲ။ လက်ညှိုးနဲ့လက်မကြားမှာ လိင်တံကို ညှပ်ကိုင်ပြီး ရှေ့တိုးနောက်ဆုပ်လုပ်ကြည့်တယ်။ တုန့်ပြန်မှုမရှိ။ ကျနော့်အင်္ကျီကိုဆွဲချွတ်ပြီး၊ လိင်စိတ်ကြွအောင် အေးစက်နဲ့တဲ့ ကျနော့်လက်နဲ့ ကျနော့်ဘာသာ ကျနော့်ကိုယ်ကိုပွတ်သပ်တယ်။ အဲ့ဒါလည်းအလုပ်မဖြစ်။ ပျော့ကျနေတဲ့ ကျနော့်လိင်တံကို သူမလိင်နှုတ်ခမ်းအဝမှာတေ့ပြီး ခါးကိုရှေ့တိုးနောက်ဆုတ် လုပ်ကြည့်သည်။ သူမကိုကြားမှာထားပြီး လေ့ကျင့်ခန်းတစ်ခုခု လုပ်နေတာနဲ့ ပိုတူနေတယ်။ ညည်းသံကြားရရင် စိတ်ကြွမလားဆိုပြီး ဖုန်းနဲ့ ညစ်ညမ်းရုပ်ရှင်တွေ ဖွင့်ကြည့်တယ်။ လိင်တံကနည်းနည်းလေး တင်းလာတယ်။ သူမပေါင်ကြားကိုဖြဲပြီး ထိုးထည့်ကြည့်တယ်။ အိပ်စက်နေတဲ့သူမခန္ဓာကိုယ်က ဆွဲဆောင်မှုရှိသလောက် ကျနော့်လိင်တံက လုံလုံလောက်လောက် တင်းမာမလာ။ သူမကိုတစ်ဖက်လှန်ပြီး ကြိုးစားကြည့်လည်း ဘာမှမထူး။ သူမကို ကျနော့်ကိုယ်ပေါ်တင်ပြီး ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်လည်း လေးတာကလွဲပြီး ဘာမှမခံစားရ။
အိပ်ရာထဲက ခုန်ထွက်ပြီး ကျနော့်မိန်းမရဲ့ အဝတ်ဘီဒိုထဲ ဖွင့်ကြည့်မိတယ်။ ဒီဂါဝန်ပန်းရောင်လေးနဲ့ဆို သူမကအလှဆုံးလို့ ခံစားရတယ်။ အဲ့ဂါဝန်ကိုဆွဲထုတ်ပြီး ချိတ်ဖြုတ်လိုက်တယ်။ အိပ်ယာပေါ်က ကောင်မလေးရဲ့တောင့်တင်းနေတဲ့ လက်မောင်းတွေကို ဂါဝန်ထဲထိုးထည့်တယ်။ ခေါင်းကိုစွတ်ချပြီးနောက်၊ သူမကိုခါးကနေ ညင်ညင်သာသာမပြီး ဂါဝန်အောက်စကို ပေါင်အောက်ထိဆွဲချလိုက်တယ်။ သူမအပေါ်ခွထိုင်ပြီး ကျနော့်တံတောင်နှစ်ချောင်းကို သူမချိုင်းခြားမှာ ထောက်လိုက်တယ်။ ပန်းရောင်ဂါဝန်အသား ဖုံးလွှမ်းထားတဲ့ သူမရင်သားထိပ်ဖျားတွေကို နှုတ်ခမ်းနဲ့စုပ်လိုက်တယ်။ ဒါကပိုခံစားလို့ကောင်းတယ်။ ဂါဝန်စကပ်နေတဲ့ သူမကျောပြင်အောက်ကို လက်တစ်ဖက်ထိုးပြီး၊ နောက်လက်နဲ့ သူမမျက်နှာပေါ်က ဆံပင်တွေကို ဖယ်ပြီး၊ နှုတ်ခမ်းတွေကို စုပ်နမ်းမိတယ်။
လိင်စိတ်နည်းနည်း ကြွလာသလိုပဲ။ သူမပါးပေါ်က ကျနော့်လက်ကို ပြန်ရုတ်ပြီး ပေါင်ကြားထဲက ကျနော့်လိင်တံကို သူမပေါင်ကြားမှာ တေ့လိုက်တယ်။ ပြီးတော့ ခါးကိုရှေ့နောက်လှုပ်တယ်။ ကြည့်နေရင်းနဲ့ ကျနော့်အောက်ကသူမဟာ ကျနော့်မိန်းမနဲ့တူလာတယ်။ လိင်တံထဲ သွေးပိုစီးပြီး တဖြည်းဖြည်း တင်းမာလာတယ်။ သာယာမှုတောင် နည်းနည်းရလာသလိုပဲ။ သူမကိုယ်နဲ့ခွာလိုက်ကပ်လိုက်လုပ်ရင်း နှလုံးခုန်မြန်ပြီး ချွေးနည်းနည်းတောင် ထွက်လာပြီ။ တစ်ခုခုလွဲနေတယ်။ လိင်စိတ်ဖြစ်သင့်သလောက် မဖြစ်သေးဘူး။ ပင်ပန်းလာလို့ သူမမျက်နှာကို မော့ကြည့်လိုက်တဲ့အချိန်မှာ ကျနော့်မိန်းမကိုမြင်ရတယ်။
“မင်းမိန်းမနဲ့ တကယ်တူရင် သာယာမှုရစရာ အကြောင်းမရှိဘူး”
“ဘာလို့ မရရမှာလဲ၊ သူ့နဲ့အိပ်ချင်တဲ့ကောင်တွေမှ အများကြီး”
“အိပ်မှမအိပ်ဖူးတာ”
“တိတ်တိတ်နေစမ်းပါ”
“မင်းကိုယ်မင်းပင်ပန်းအောင် လုပ်ချင်မှန်းသိတယ်။ ဒါပေမယ့် မင်းမိန်းမနဲ့မင်း မအိပ်ချင်ဘူး”
“ငါတစ်ယောက်တည်း အိပ်ရမှာကြောက်တယ်”
“တကယ်က မင်းတစ်ယောက်တည်းအိပ်ချင်တာ၊ သူ့ကိုဂရုမစိုက်မိတဲ့အတွက် အပြစ်ရှိသလိုခံစားနေရတာ မပါဘဲနဲ့”
“ငါအခုဘာလုပ်နေတယ်ထင်လို့လဲ”
“မင်းမိန်းမအစား ဒီကောင်မလေးကို ဂရုစိုက်နေတာ”
အဲ့အသံကို ကျနော်မုန်းတယ်။ ဒီကောင်မလေးကို တကယ်ဂရုစိုက်ဖို့ဆိုရင် သူမပြောချင်တဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ပေးရမှာ။ မဖြစ်နိုင်မှန်းသိရက်နဲ့ လိင်ဆက်ဆံပေးနေလည်း အပိုပဲ။ ကိုယ့်ကိုကိုယ်စိတ်ပျက်ပြီး သက်ပြင်းချမိလိုက်တယ်။ သူမပါးကို ဖွဖွလေးကိုင်ပြီး နဖူးကိုနမ်းလိုက်တယ်။ နဖူးချင်းကပ်ပြီး ဘယ်နှမိနစ်လောက်နေနေမိလဲ ကျနော်မသိဘူး။
သူမအပေါ်မှာခွနေရတာ ညောင်းလာလို့၊ သူမဘေးက နေရာလွတ်မှာ ထိုးအိပ်လိုက်တယ်။ သူမခေါင်းကို ကျနော့်ရင်ဘတ်ပေါ် ညင်ညင်သာသာ ဆွဲတင်လိုက်တယ်။ ဘယ်လက်နဲ့ သူမကျောကို သိုင်းဖက်ထားပြီး အေးစက်နေတဲ့ သူမလက်ကို စုပ်ကိုင်ထားတယ်။ ပျင်းလာတော့ ညာလက်နဲ့ ဖုန်းဖွင့် meme တွေကြည့်တယ်။ သူမမျက်လုံးပိတ်နေမှန်း သိပေမယ့်၊ အချို့ meme တွေကို သူမကိုပြတယ်။ မိနစ်တံဘယ်နှပတ်မှန်းမသိ လည်ပြီးနောက်၊ စိတ်ညစ်လာတာနဲ့ ဖုန်းကိုပစ်ပေါက်ပြီး၊ အိပ်ယာဘေးက စားပွဲအံဆွဲထဲက ဆေးလိပ်ဘူး၊ မီးခြစ်နဲ့ ဆေးလိပ်ပြာခွက်ယူလိုက်တယ်။ အိပ်ယာဘေးက google home ကို ဆေးလိပ်သောက်ရင်း နားထောင်တဲ့ playlist ဖွင့်ခိုင်းလိုက်တယ်။ ဆေးလိပ်မီးညှိပြီးတော့ ပိုနေတဲ့ဘယ်လက်နဲ့ သူမကျောပြင်ကို ကြင်ကြင်နာနာ ပွတ်သပ်ပေးမိတယ်။
ဘေးကစားပွဲပေါ်က အရက်ပုလင်းယူသောက်ဖို့ အကြိမ်ကြိမ်စဉ်းစားမိပေမယ့် အစာမရှိဘဲသောက်ရင် ဘယ်လောက်စောက်ဒုက္ခရောက်မလဲ သိနေလို့ မသောက်ဖြစ်။ စောက်ဒုက္ခရောက်တာထက် ဒီကောင်မလေးကို ပြန်လိုက်ပို့ဖို့ အဆင်မပြေဘဲနေလိမ့်မယ်။ ဒါပေမယ့် လိုက်ပို့ပို့၊ မပို့ပို့ ဘာထူးမှာလဲ။ ရှင်သန်ခြင်းမရှိတဲ့ ကမ္ဘာမှာ ကျနော်မနေချင်ဘူး။ ရှင်သန်ခြင်းရှိတဲ့ ကမ္ဘာမှာရော ကျနော်နေရဲပါ့မလား။
မျက်နှာကြက်ကိုကြည့်ပြီး မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေထဲမှာ မွန်းကြပ်ခြင်းတွေ ပါမသွားဘူး။ ပြာခွက်ထဲမှာ ဖင်စီခံတွေ တစ်ခုပြီးတစ်ခုတိုးလာတယ်။ ရင်ထဲက အေးစက်ခြင်းတွေကတော့ အရင်အတိုင်းပဲ။ လက်ဖဝါးကို မီးခြစ်နဲ့ခြစ်ပြီး နွေးချင်ယောင်ဆောင်နေမိတယ်။ ကျနော်ဘာခံစားနေရမှန်း ကျနော်မသိဘူး။ သေချာတာတော့ ခံစားချက် လုံးဝမရှိတာမျိုး မဟုတ်ဘူး။ ဘာမှမဟုတ်တာကို ခံစားနေရတာဖြစ်ရင်ဖြစ်မယ်။ ဘာမှမဟုတ်တာထက်စာရင် နာကျင်မှုက နှစ်လိုဖွယ်ပိုရှိတယ်။ ပေါင်ကိုဆေးလိပ်မီးနဲ့ထိုးလိုက်လို့ စူးကနဲဖြစ်သွားတယ်။ စက္ကန့်နည်းနည်းကြာတော့ နာကျင်မှုကို မခံစားနိုင်တော့လို့ ပြန်ခွာလိုက်တယ်။ မနက်ကျရင်တော့ အရည်ကြည်ဖုထွက်လာလိမ့်မယ်။ ဘောင်းဘီအတွင်းသားနဲ့ ပွတ်တိုက်ပြီး နာနေလိမ့်မယ်။ နာပါစေ၊ နာနေရတာက ခံစားလို့ပိုကောင်းတယ်။ ပျော့ကျနေတဲ့လိင်တံကို ဆေးလိပ်မီးနဲ့မထိုးမိအောင် မနည်းသည်းခံနေရတယ်။
အိပ်မပျော်တဲ့ညတွေက မကောင်းတာလား၊ ကောင်းတာလား မခွဲတတ်ဘူး။ အိပ်ပျော်ခဲ့မယ်ဆိုရင် အိပ်မက်ထဲမှာ ကျနော့်မိန်းမကို ပြန်တွေ့လိမ့်မယ်။ သူမအရင်အိမ်က ဒန်းလေးပေါ်မှာ စာဖတ်နေလိမ့်မယ်။ ကျနော့်နဲ့မယူခင်ကအတိုင်း သူမပျော်ရွှင်နေလိမ့်မယ်။ ဒါပေမယ့် တကယ်ပျော်ရွှင်နေတာ ဟုတ်မဟုတ် ကျနော်မခွဲတတ်ဘူး။ ရှင်သန်နေတဲ့သူမကို ကျနော်မမြင်ရဲတာလား၊ မမြင်ချင်တာလားလည်း မခွဲတတ်ဘူး။ ကျနော်ခွဲတတ်တာရောရှိသေးရဲ့လား။ ဆေးရုံကခွဲစရာရှိတာတွေ။ အဲ့ဒါတွေကိုရော တကယ်ခွဲတတ်လို့လား။ ခွဲတတ်တတ်မတတ်တတ် ဘာကွာလို့လဲ။ ကျနော်ခွဲတတ်တဲ့အရာရှိမရှိတောင် ကျနော်မခွဲတတ်တော့ဘူး။
ကျနော်ကြောက်တယ်။ ဘာကိုကြောက်မှန်း မခွဲတတ်ဘူး။ ကျနော့်ကို လိုက်အနှောင့်အယှက်ပေးနေတဲ့ အသံကိုလည်း မကြားရတော့ဘူး။ ကျနော့်ကို ခံစားရသက်သာအောင် စကားပြောပေးမယ့်သူ ရှိရင်ကောင်းမယ်။ ကျနော့်ဘဝမှာ မှတ်မိလောက်တဲ့ အဆင်မပြေတဲ့ကိစ္စမရှိလို့၊ စိတ်ဆရာဝန်ဆီ တစ်ခါမှမသွားဖူးဘူး။ psychiatry နည်းနည်းပဲသင်ဖူးပေမယ့်၊ သွားလည်း ခံစားရသက်သာမယ်တော့ မထင်ဘူး။ google home speaker က သီချင်းသံကိုလည်း ကြားတစ်ချက် မကြားတစ်ချက်။ ဉာဏ်မရှိတဲ့ google home နဲ့ စကားမပြောချင်တော့ဘူး။ ဉာဏ်ရှိတဲ့သူတွေနဲ့လည်း စကားမပြောချင်ဘူး။ ကျနော်ဘာလုပ်ချင်မှန်း ကျနော်မသိဘူး။ စိတ်ထဲပေါ်တာကောက်လုပ်ရရင်တော့ လိင်တံကို ဆေးလိပ်မီးနဲ့ထိုးမိလိမ့်မယ်။ ဘာလို့လဲတော့ ကျနော်မပြောတတ်ဘူး။ ဘယ်တုန်းကမှ မပြောတတ်ခဲ့ဘူး။
ဘယ်နှနာရီလောက် မျက်နှာကြက်ကို မော့ကြည့်နေမိလဲ ကျနော်မမှတ်မိဘူး။ ဆေးလိပ်တောင် ဘယ်အချိန်က ကုန်သွားလဲမမှတ်မိဘူး။ ကျနော့်ယောက်ဖရဲ့ဖုန်း ဝင်လာကြောင်း google home က အကြောင်းကြားတော့မှ သတိပြန်ဝင်လာတယ်။ ကိုင်လိုက်ဖို့ပြောလိုက်တယ်။
“ပြော”
“မနေ့က မင်းဂျူတီချိန်မှာ ရောက်လာတဲ့ ကောင်မလေး။ ဆေးလွန်ပြီး ဆုံးတဲ့တစ်ယောက် -”
“ရေခဲတိုက်မှာ မတွေ့လို့”
“ဘယ်လိုလုပ်သိတာလဲ”
“သူငါ့အိမ်မှာ”
“ဘာကိုမင်းအိမ်မှာလဲ”
“အဲ့ခန္ဓာကိုယ်ငါ့အိမ်မှာရှိတယ်”
“ဘာလို့မင်းအိမ်မှာရှိတာလဲ”
“ငါခေါ်လာလို့ပေါ့ဟ၊ စောက်ပိန်းလား”
“မင်းကဘာလို့ခေါ်သွားတာလဲ၊ စောက်ပြဿနာပဲ ဟေ့ရောင်ရေ”
“လိင်ဆက်ဆံဖို့ပဲ၊ ဒါပေမယ့် ဆက်ဆံလို့မရ -”
“နေနေနေ ... မှားမေးမိတာ၊ ငါမသိချင်ဘူး”
“ဆောရီး၊ အခု သိသွားပြီမလား”
“ပြန်ခေါ်လာခဲ့၊ အလောင်းကို အိမ်သားတွေမသိခင် ပြန်သွားထားဖို့ ငါဆေးရုံအောက်မှာ စောင့်နေမယ်”
“ငါမလာချင်ဘူး”
“ငါလာခဲ့မယ်၊ လီးတဲ့မှပဲ၊ အဲ့မှာပဲဆက်နေ”
“အေး”
“အခုထွက်လာပြီ”
“နေဦး၊ အဲ့ကောင်မလေးပျောက်နေတာ အခြားသူတွေလည်း သိပြီးပြီမလား၊ အဲ့လူတွေကို လိမ်ခိုင်းနေရမယ်၊ ငါ့ဟာငါရဲစခန်းသွား -”
ကျနော်ပြောလို့ မပြီးခင် တစ်ဖက်ကဖုန်းချသွားတယ်။ ပြဿနာပဲ။ တစ်ခုခုလွဲရင် ဒီကောင်ပါ အလောင်းကို အသရေပျက်စေမှုလားနဲ့ စောက်ပြဿနာ တက်တော့မှာပဲ။ အဝတ်ပြန်ဝတ်ပြီး ရဲစခန်းသွားဦးမှ။ ဘယ်နေရာရောက်ရောက် ဘာသာယာမှုမှမရဘဲ၊ ပိတ်လှောင်ခံနေရသလို ခံစားရမယ့်အတူတူ၊ ထောင်ထဲနေနေရလဲ ဘာထူးမှာလဲ။ ထောင်ထဲမှာ မုဒိမ်းပဲကျင့်ခံရခံရ၊ အနိုင်ကျင့်ပဲခံရခံရ၊ အခုထက်ပိုခံရခက်မယ်တော့ ကျနော်မထင်ဘူး။
တကယ်တော့ မနေ့ညက အဲ့လိုတွေးပြီး သူမကိုအိမ်ခေါ်လာတာပဲ။ နောက်ဆုံးအနေနဲ့ တစ်ယောက်ယောက်ကို ဂရုစိုက်သွားချင်တယ်။ ဒါပေမယ့် သူမကို ဂရုလည်းမစိုက်လိုက်ရ။ ဂရုမစိုက်တဲ့အပြင် မလေးမစား၊ လိင်ဆက်ဆံဖို့ကြိုးစားတာလည်း အဆင်မပြေ။ အိပ်ယာထဲကထဖို့ စဉ်းစားပြီးမှ၊ ဒီမှာပဲနေမယ်လို့ ဟိုကောင်ကိုပြောမိသွားမှန်း သတိရတယ်။ ဒီကနေထွက်သွားရင် ကိုယ့်စကားကိုယ်မတည်သလို ဖြစ်လိမ့်မယ်။ အဲ့ကောင်ကို ဖုန်းပြန်ခေါ်ဖို့ google home ကို အသိပေးလိုက်တယ်။ ဆေးရုံကတစ်ယောက်က ဖုန်းကိုင်တယ်။ ဟိုကောင်ဖုန်းပစ်ချပြီး ပြေးထွက်သွားတယ်တဲ့။ ဖင်တော့ယားပြီ။ ဒီမှာပဲနေမယ်လို့ ပြောမိထားတာကိုလည်း ဂရုမစိုက်ဘဲ ထွက်မသွားချင်။ အနီးဆုံး ရဲစခန်းဖုန်းနံပါတ်ကို ဖုန်းခေါ်ဖို့ google home ကို ပြောလိုက်တယ်။
“ဘယ်လိုကူညီပေးရမလဲ (ဘလာဘလာဘလာ)”
“() လမ်းထဲက အိမ်နံပါတ် () က အမည် () က အသိစိတ်မရှိတဲ့ လူစိမ်းမိန်းကလေးတစ်ယောက်ကို မနေ့ညက အိမ်ထဲအတင်းခေါ်သွားတာ တွေ့လိုက်လို့။ အစက စိတ်ထင်တာနေမှာပါလို့ထင်တာ၊ နောက်တော့ မသင်္ကာစရာအရမ်းကောင်းလာလို့။ ရာဇဝတ်မှုများ မြောက်မလားမသိဘူး”
“မနေ့ညဘယ်အချိန်လောက်လဲ”
“အဲ့ဒါအရေးမကြီးဘူး၊ အဲ့လူကား သူ့အိမ်ဘေးမှာ ရှိတုန်းပဲ၊ လာစစ်ဆေးရင်မီဦးမယ်”
“ဘယ်လို မသင်္ကာစရာကောင်းတာလဲ ဖော်ပြလို့ရမလား”
“မိန်းကလေးမှာအဝတ်မပါဘူး၊ အသိစိတ်လုံးဝမရှိဘူး”
“အာ၊ ဟုတ်ကဲ့၊ သတင်းပေးတဲ့အတွက်ကျေးဇူးပါပဲ၊ စစ်ဆေးဖို့တာဝန်ရှိသူတွေ လွှတ်လိုက်ပါမယ်”
“မြန်နိုင်သလောက်မြန်အောင်လွှတ်ပေးပါ၊ နောက်ကျသွားရင် အသက်အန္တရာယ် စိုးရိမ်ရမလားမသိဘူး”
“ဟုတ်ကဲ့ပါ”
ရဲတော့ခေါ်ပြီးပြီ။ ဟိုကောင်စောရောက်လာရင်တော့ ပြဿနာပဲ။ ရဲခေါ်ထားတယ်ပြောလိုက်ရင်တော့ အဲ့ကောင်လက်လျော့လောက်မှာပါ။ လက်မလျော့ဘဲ သူ့ဒုက္ခသူရှာရင်တော့လည်း ဘာမှလုပ်ပေးလို့မရဘူး။ သူ့ဒုက္ခသူရှာချင်ရင် သူ့ဒုက္ခသူရှာခွင့်ကို ပိတ်ပင်လို့မကောင်းဘူး။ ကိုယ့်ဘဝကိုယ်တောင် စောက်ဂရုစိုက်ချင်စိတ်မရှိတာ၊ အဲ့ကောင်ဘဝကို စောက်ဂရုမစိုက်ပေးနိုင်ဘူး။ အချိန်နောက်ပြန်ဆုတ်လို့ရခဲ့ရင်လည်း သူ့အစ်မကို ဂရုစိုက်နိုင်မယ် မထင်ဘူး။ ကျနော်တို့မှာ ရွေးချယ်ခွင့်ဆိုတာရော ရှိရဲ့လား။
ဆယ့်ငါးမိနစ်လောက်ကြာတော့ အမြန်မောင်းနေတဲ့ ကားတစ်စီး အိမ်ရှေ့မှာ ရပ်လိုက်သံကြားရတယ်။ နောက်တော့ အိမ်ရှေ့ကတံခါးဖွင့်သံ ကြားလိုက်ရတယ်။ အိမ်တံခါး password သိတဲ့သူဆို ယောက်ဖပဲဖြစ်လိမ့်မယ်။ အဲ့ကောင်အိပ်ခန်းထဲ ပြေးဝင်လာပြီး အခန်းဝရောက်တော့ ရုတ်တရက် ရပ်သွားတယ်။ ဒီမြင်ကွင်းကို မြင်ရမယ်မှန်း ကြိုစဉ်းစားလာမှာပဲ။ တကယ်မြင်ရတာက သူစဉ်းစားထားတာထပ် ပိုနေလို့ထင်တယ်။
“မင်းရူးနေလား”
“ဘာဖြစ်နေလို့လဲ”
“လူသေကိုဘယ်လိုစိတ်ကူးနဲ့၊ အဲ့ဒီ ... မင်းလုပ်နေတဲ့ ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုလုပ် မင်းလုပ်နိုင်ရတာလဲ
“ဘာထူးဆန်းလို့လဲ။ ငါလုပ်နေတာက အသိစိတ်ဘယ်တော့မှ ရှိမလာမယ့် ခန္ဓာကိုယ်ပဲကို။ အသိစိတ်ရှိနေတဲ့ မိန်းကလေးတွေကို မိန်းကလေးဖြစ်နေလို့ ဖိနှိပ်အမြတ်ထုတ်နေတာကျ မင်းမမြင်ဘူးလား”
“အနည်းဆုံးအဲ့ကောင်တွေကမှ သာယာမှုရဦးမယ်၊ မင်းက အသက်မရှိတဲ့အလောင်းကြီးနဲ့”
“မင်းငါပြောတာကိုနားမလည်တာ၊ သာယာမှုကို သွားမကြည့်နဲ့၊ ဆန္ဒမပါဘဲ ဖိနှိပ်ခံရတာကိုပဲ ကြည့်ရမှာ။ ငါလုပ်နေတာက ဘယ်သူကိုမှမထိခိုက်ဘူး။ အရင်းရှင်စနစ်က အသက်ရှင်သေးတဲ့မင်းတို့ကို နေ့တိုင်းဖင်ချနေတာကျ မထူးဆန်းဘူးလား”
“ဒါပေမယ့် အသက်ရှိသေးတဲ့သူတွေမှာ သူတို့ကိုယ်သူတို့ ကာကွယ်ပိုင်ခွင့်ရှိတယ်လေကွာ”
“တကယ်ရောရှိလို့လား”
“မပြောတတ်ဘူး။ သက်မဲ့တွေမှာ မရှိတာတော့ သေချာတယ်”
“ကာကွယ်ပိုင်ခွင့်မရှိတာ သေချာမယ့်အတူတူ၊ သက်မဲ့တွေကို ငါဘာလုပ်လုပ် ပိုတောင်ပြဿနာမရှိရမှာ မဟုတ်ဘူးလား”
“မဟုတ်ဘူးဟ၊ ငါပြောချင်တာက၊ အလောင်းတွေက အသက်မရှိတော့ပေမယ့်၊ မဟုတ်ဘူး၊ အသက်မရှိတော့လို့၊ သူတို့ရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့တာဝန်က သူတို့ကိုဂရုစိုက်တဲ့သူတွေမှာ ရှိသွားပြီ။ အဲ့သူတို့ကိုဂရုစိုက်တဲ့သူတွေရဲ့ ပိုင်ဆိုင်မှု၊ တာဝန်ကို မင်းကစော်ကားသလိုဖြစ်နေလို့”
“အဲ့ဒါကပြဿနာပဲ၊ ဘယ်သက်ရှိကမှ သေသေရှင်ရှင် ဘယ်သူရဲ့ ပိုင်ဆိုင်မှုမှမဟုတ်ဘူး”
“အဲ့ဒါဆိုအလောင်းတွေကို ဘယ်သူအသုဘချပေးမှာလဲ”
“ချက်စားပေါ့ဟ၊ အသက်ရှင်ချင်နေတဲ့ တိရစ္ဆာန်တွေကို သတ်စားတာတောင် သဘာဝကျသလို လက်ခံနေသေးတာပဲ”
“ဟာ၊ သူ့မိသားစု စိတ်ထိခိုက်မှာပေါ့ဟ”
“လီးကိုစိတ်ထိခိုက်၊ သူ့တို့သမီးအသက်ရှင်နေတုန်းက မတရားမှုပေါင်းစုံက ဝိုင်းမုဒိမ်းကျင့်ကြတုန်းက ပစ်ထားပြီးတော့၊ ကလေးမလေးက မတတ်သာတဲ့အဆုံး စိတ်ထွက်ပေါက်ရှာရင်း ဆေးလွန်ပြီးသေတာတောင် စိတ်ထိခိုက်ဖို့ သတိမရဘူးလား”
“အဲ့တုန်းကလည်း စိတ်ထိခိုက်တယ်လေကွာ”
“အဲ့ဒါဆိုအသက်မရှိတဲ့ ခန္ဓာကိုယ်အတွက် စိတ်ထိခိုက်စရာမလိုတော့ဘူး။ အသက်မရှိတဲ့ခန္ဓာကိုယ်ကို စောက်ပိုတွေလုပ်ပြီး ဂရုစိုက်တာက မသေခင်ဂရုမစိုက်မိတဲ့အမှားကို နောင်တရလို့၊ ဖြေသိမ့်တာသက်သက်ပဲ”
အဲ့ကောင်ကအခန်းထဲ တစ်လှမ်းချင်းဝင်လာပြီး ကုတင်ပေါ်က ကောင်မလေးဘေးကို ဝင်ထိုင်တယ်။ စားပွဲအံဆွဲထဲက ဆေးလိပ်ဘူးအသစ်ဖောက်ပြီး ကျနော့်ဆီက မီးခြစ်တောင်းလို့ ပေးလိုက်တယ်။ ဆေးလိပ်ကိုမီးညှိရင်း ကောင်မလေးမျက်နှာကို စိုက်ကြည့်နေတယ်။
“အစ်မနဲ့တူတယ်”
“အင်း”
“အစ်မအလောင်းကို စလုပ်ဖြစ်တာလား”
မေးပြီးတော့ ဆေးလိပ်ထိပ်ကမီးနီရဲသွားအောင် စုပ်သွင်းလိုက်တယ်။ ဆေးလိပ်ကိုစုပ်သွင်းတာက အမြဲတမ်း အဲ့လိုဆွဲဆောင်မှုရှိတာလား။
“ထင်တာပဲ၊ သူသေမှန်း မင်းတို့ငါတို့မသိခင်ကတည်းက သူ့ကိုယ်ထဲမှာ အသက်ရှင်ချင်စိတ်ကို ခံစားလို့မရတော့ဘူး”
“ဟုတ်တယ်၊ ငါလည်းသိတယ်”
“အဲ့ကတည်းက သူကအလောင်းဖြစ်နေသလိုပဲ။ သူနဲ့အတူနေရတာ လူသေနဲ့အတူနေရတာနဲ့ အတူတူပဲလို့တောင် ပြောမိသေးတယ်။ ပြောမိတဲ့အတွက် အခုထိနောင်တရတုန်း။ တကယ်တော့ အဲ့တုန်းက လူသေနဲ့တူမတူတောင် ငါအတိအကျ မသိသေးဘူး။ နောက်လည်း မသိခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ ဒါပေမယ့် သူနှလုံးခုန်ရပ်ပြီးနောက်တော့ ငါ့ဘာသာနောင်တရနေတာနဲ့ သူ့ခန္ဓာကိုယ်ကို အဲ့လိုလုပ်ဖို့မစဉ်းစားမိဘူး”
“အဲ့ဒါဆို ဘယ်အချိန်က စလုပ်ဖြစ်တာလဲ”
“ဘယ်ချိန်စလဲက စောက်ရေးပါလို့လား”
“ဆောရီး၊ မပါဘူး၊ ဒါပေမယ့် ငါမင်းကို ဂရုမစိုက်မိတာ ဘယ်လောက်ကြာလဲ သိချင်လို့”
“သူဆုံးပြီး၊ နှစ်လလောက်ကြာတော့၊ လူနာရှင်မိသားစုထဲက မိန်းကလေးတစ်ယောက်ကို နှစ်သိမ့်ပေးရင်းနဲ့၊ အတူနေဖြစ်ကြတယ်။ ဒီတစ်ခါလူသေလိုဖြစ်နေတာက မိန်းကလေးဘက်က မဟုတ်တော့ဘူး၊ ငါကဖြစ်နေတာ။ သူကိုသာယာမှုလည်း မပေးနိုင်တော့ဘူး။ ငါ့ဟာငါလည်း သာယာမှုမရဘူး။ ပြီးတော့ လူမှုရေးနောက်ဆက်တွဲတွေကလည်း စိတ်ညစ်စရာကောင်းတယ်။ လူအရှင်နဲ့နေလည်း အလုပ်ရှုပ်တာကလွဲပြီး အသက်ရှင်တဲ့ခံစားချက် မရမယ့်အတူတူ လူသေတွေကို ဆက်ဆံကြည့်မယ်ဆိုပြီး စစမ်းကြည့်တာ၊ လူသေလိုဖြစ်နေတဲ့သူနဲ့ထိုက်တန်တာ လူသေတွေပဲရှိလိမ့်မယ် “
“ခဏ၊ ငါအခုမှသတိရတာ ... တကယ်တော့ တမင်မသိချင်ယောင်ဆောင်နေတာကို အခုမှ ပြန်သတိရတာ။ ရင်ခွဲရုံမှာ ချောဆီပုလင်းဖွက်ထားတာ တွေ့မိသေးတယ်။ မင်းအရင်ကတည်းက ခန္ဓာကိုယ်တွေကို ဆေးရုံမှာလုပ်နေကျပဲ”
“အင်း”
“အစ်မကိုဂရုမစိုက်မိလိုက်ရတာကို ဖြေသိမ့်တဲ့အနေနဲ့ ဒီတစ်ယောက်ကို အိမ်ခေါ်လာတာလား”
“ဟုတ်ရင်ဟုတ်လိမ့်မယ်”
“မင်းသိလား၊ အစ်မကိုပစ်ထားမိတာ မင်းတစ်ယောက်တည်းမဟုတ်ဘူး။ ငါတို့နှစ်ယောက်လုံး အဲ့တုန်းကဆေးရုံမှာ အလုပ်ရှုပ်နေတာ”
“အလုပ်ရှုပ်နေလို့ပစ်ထားတာမဟုတ်ဘူး။ ပစ်ထားချင်လို့အလုပ်ရှုပ်နေတာ”
“လီးပဲပေါ့ကွာ”
ပြာအတောင့်လိုက်ကပ်နေတဲ့ ဆေးလိပ်ကိုလက်ကြားညှပ်ပြီး ထောင်ပြလို့ ဆေးလိပ်ခွက်ပေးလိုက်တယ်။ ဆေးလိပ်ခွက်ထဲ ချွေချလိုက်တဲ့ ပြာတွေထဲမှာ နောင်တတွေပါသွားရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ကောင်မလေးကိုကျော်ပြီး ကျနော့်လက်နှစ်ချောင်းထိုးပေးလို့ အဲ့ကောင်ကသောက်လက်စ ဆေးလိပ်ထည့်ပေးတယ်။ မွန်းကြပ်မှုတွေကို နည်းနည်းလောက်သတိမထားမိအောင် ဆေးလိပ်ငွေ့တွေကို ရှူသွင်းလိုက်တယ်။ အဲ့ကောင်က သူ့အစ်မနဲ့တူတဲ့ ကောင်မလေးမျက်နှာကို လက်ဖမိုးနဲ့ပွတ်သပ်နေတယ်။ သူ့အစ်မကို သတိရသွားလို့ထင်တယ်။ မျက်လုံးထဲမှာ မျက်ရည်ဝေ့နေလေရဲ့။ သူ့လက်ထဲ ဆေးလိပ်ပြန်ပေးလိုက်တယ်။
“နာကျင်နေတဲ့သူတွေကို နေကောင်းနေတဲ့သူတွေလို ဆက်ဆံမိတာက လူသေကို လိင်ဆက်ဆံတာထက် အများကြီး စောက်တလွဲနိုင်တယ်”
သူ့အစ်မအကြောင်း သူပြောနေတာထင်တာပဲ။
“နာကျင်နေမှန်း ဘယ်လိုလုပ်သိမှာလဲ”
“တစ်ခါတစ်လေ နာကျင်နေတာကို ဖော်ပြခွင့်တောင် ဒီလူ့အဖွဲ့အစည်းက မပေးဘူး”
“ဒါမှမဟုတ် နာကျင်နေမှန်းမသိချင်လို့၊ တမင်မသိချင်ယောင် ဆောင်နေတာဆိုရင်ရော”
“နာကျင်နေမှန်းသိလေ ပိုအနိုင်ကျင့်လေ၊ ပိုပစ်ထားလေ၊ နာကျင်မှုကို နားမလည်နိုင်ကြတဲ့အတိုင်း”
“အဲ့လိုလူတွေမှာ သူတို့အမှားကိုဖြေသိမ့်ဖို့ နောင်တရပိုင်ခွင့်ရော ရှိသင့်ရဲ့လား”
“နောင်တရပိုင်ခွင့်ရလူတိုင်းမှာရှိတယ်။ ဒါပေမယ့် နောင်တဆိုတာက အမှားကိုဖြေသိမ့်ဖို့မဟုတ်ဘူး၊ အမှားကိုထပ်မလုပ်မိဖို့ သတိရနေဖို့ပဲ။ နောင်တမရတဲ့သူတွေက အမှားကိုထပ်တလဲလဲ လုပ်နေလိမ့်မယ်”
“ဒါပေမယ့် ငါအရင်က ဝန်မခံရဲလို့ မပြောဖြစ်တာ၊ ငါမင်းအစ်မကို သတ်ခဲ့ -”
အမှန်အတိုင်းပြောရရင် အဲ့အတွက် ကျနော်နည်းနည်းမှနောင်တ မရဘူး။ စိတ်ထဲတော့ မသန့်ဘူးပေါ့။ ပြောလို့မဆုံးခင် ဟိုကောင်က စကားဖြတ်ပြောတယ်။
“ဟင့်အင်း၊ ငါသိတယ်။ မင်းမကူညီလည်း တစ်နည်းနည်းနဲ့ သူ့ဟာသူသတ်သေမှာပဲ။ ပိုသက်သောင့်သက်သာ သေလို့ရအောင် ကူညီပေးတဲ့အတွက် နောက်ဆုံးအနေနဲ့ သူမင်းကိုကျေးဇူးတင်ခဲ့လိမ့်ပဲ”
သူလည်းဆရာဝန်ပဲ။ မသိစရာတော့ မရှိဘူး။ တကယ်တော့ ဒီတိုင်းမျက်ရည်ချူချင်လို့ ပြောလိုက်တာ။ မျက်ရည်ခြူလက်စနဲ့ မထူးတော့ဘူး။ ဆက်ချူ
လိုက်တော့မယ်။
“မင်းအစ်မသာ ငါတို့ကို တစ်ခုခုပြောလို့ရခဲ့ရင် ဘာပြောမယ်ထင်လဲ”
“ခွင့်လွှတ်လိမ့်မယ်ထင်တာပဲ။ ဖြစ်ချင်တာကို စိတ်ကူးယဉ်နေတာ ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒီကောင်မလေးလည်း ကျန်ခဲ့တဲ့သူတွေကို ခွင့်လွှတ်မှာပါ”
“ငါ့ကိုရော”
“ခွင့်လွှတ်မှာပါ”
“မင်းကခွင့်လွှတ်တယ် ဝင်ဝင်ပြောရအောင် ငါမင်းအပေါ် ဘာအမှားလုပ်မိလို့လဲ”
“ငါ့အစ်မနဲ့လက်ထပ်တာ”
အဲ့စကားက အဓိပ္ပာယ်နှစ်ခွရှိတယ်။ အဲ့ကောင်က သူ့အစ်မအပေါ် သာမာန်မောင်နှမထပ်ပိုတဲ့ စိတ်ဝင်နေတာ။ ဒါမှမဟုတ်ရင် ကျနော့်ကို သာမန်သူငယ်ချင်းထပ်ပိုတဲ့ စိတ်ရှိနေတာ။ ဒါပေမယ့် မသိချင်ယောင်ဆောင်ပြီး ဆက်ပြောလိုက်တယ်။
“မင်းအစ်မကတောင် ငါ့ကိုခွင့်လွှတ်လိမ့်မယ် ပြောပြီးတော့”
“အေးလေ၊ ငယ်ငယ်ကတည်းက သူမှာ ရှင်ချင်စိတ်မရှိတော့တာ၊ မင်းရော၊ငါရောသိနေတာပဲ၊ သူ့ကိုဂရုမစိုက်မိတဲ့အတွက် ငါတို့နှစ်ယောက်လုံး နည်းနည်းစီမှားပေမယ့်၊ ငါတို့ကို အပြစ်တင်မယ်တော့မထင်ဘူး”
“မင်းအစ်မနဲ့ငါယူခဲ့တာက ဘယ်လိုဖြစ်ပြီး မင်းအပေါ်အမှားကျူးလွန်မိသလိုဖြစ်ရတာလဲ”
“အမှားကျူးလွန်မိသလိုဖြစ်တာမဟုတ်ဘူး။ အမှားကျူးလွန်မိတာ”
“နေစမ်းပါဦး၊ မင်းအစ်မကိုမင်း ... ဘယ်လိုပြောရမလဲ၊ မိန်းမတစ်ယောက်အနေနဲ့ မြင်ဖူးလား၊ ဒါမှမဟုတ်ရင်တော့ -”
“နှစ်ခုလုံးပဲ”
သူ့အစ်မအပေါ်ရော၊ ကျနော့်အပေါ်ရော သာမန်ထပ်ပိုတဲ့ ခံစားချက်တွေရှိတယ်လို့ ဝန်ခံလိုက်တာလား။ နားလည်မှုလွဲစရာ ဖြစ်နိုင်ချေရောရှိလား။ အဲ့အတိုင်း ပြောချင်တာကိုပြောခွင့် အမြဲတမ်း ရှိနေခဲ့တာလား။ အရင်ကဘာလို့ ပြောချင်တာတွေ မပြောဘဲ၊ မပြောချင်တာတွေ ပြောမိခဲ့တာလဲ။
“အဲ့အတွက် ငါတောင်းပန်တယ်၊ ငါမသိခဲ့ -”
“မသိချင်ယောင်ဆောင်ခဲ့တာ”
“အဲ့တော့ လီးဖြစ်လားကွာ”
“တကယ်တော့ အဲ့တော့ လီးမဖြစ်တာ”
“ကျောင်းမှာငါတို့ကို အခြားသူတွေ ဝိုင်းစနေကျ”
“ပန်းကန်ဆေးဖို့ပြောမိရင် မင်းကပန်းကန်ဆေးရင်း တန်းလန်းတောင် ဆေးနေတာကိုရပ်တဲ့ကောင်”
“ဆောရီး”
“ဆောရီးပြောလို့ ဘာထူးမှာလဲ”
“မင်းကအနမ်းခံချင်နေတာလား”
“မင်းအဝတ်ချွတ်ပြီးသားမလား”
အဲ့ကောင်က ဆေးလိပ်မီးသတ်ပြီး၊ အိပ်ယာပေါ်ကထလိုက်တယ်။ အဝတ်တွေ တစ်ထပ်ချင်းဆွဲချွတ်ရော။ ပြဿနာပဲ။ တစ်ခုခုတော့ စောက်တလွဲဖြစ်နေပြီ။ ဘယ်တုန်းက စောက်တလွဲမဖြစ်တာရှိလို့လဲ။ မဟုတ်ဘူး၊ တစ်ခုခုကို မေ့နေတာ။ ဒီအတိုင်း ဒီကောင်နဲ့လုပ်ချင်တာ လုပ်လိုက်လို့မရတဲ့ အကြောင်းတစ်ခုခုရှိတယ်။ အရေးပါမပါတော့ မပြောတတ်ဘူး။ ဘာပါလိမ့်။ ဟုတ်သားပဲ။ ရဲစခန်းဖုန်းဆက်ထားတာပဲ၊ တစ်ချိန်ချိန်တော့ ရောက်လာလိမ့်မယ်။
“နေဦး၊ ဟေ့ကောင်၊ ငါရဲခေါ်ထားတယ်”
“ဘာအတွက်လဲ”
“ဒီကောင်မလေးကို ငါပြန်ပေးဆွဲလို့”
“မင်းကိုအခုထိ ငါနားမလည်သေးဘူး”
“နောက်လည်း နားလည်မှာမဟုတ်ဘူး၊ အဝတ်ဆက်မချွတ်နဲ့ ပြန်ဝတ်ပြီး ဒီကနေထွက်သွားတော့”
“မထွက်သွားရင်ဘာဖြစ်မလဲ”
“ရဲတွေရောက်လာရင် မင်းပါပြဿနာတက်မှာပေါ့”
“အဲ့လောက်ကို ငါဂရုမစိုက်တော့ဘူး”
ပြောရင်းနဲ့ အတွင်းခံပါ ဆွဲချွတ်လိုက်တယ်။ ဆေးရုံမှာ ခန္ဓာကိုယ်တွေ နေ့တိုင်းမြင်နေရပေမယ့်၊ အိပ်ခန်းထဲမှာ ယောက်ျားတစ်ယောက်ကို အဝတ်မပါဘဲနဲ့ မြင်ရတာတစ်မျိုးပဲ။ အဲ့ကောင်က ကုတင်ကိုပတ်လာပြီး ကျနော့်ဘေးကိုဝင်ထိုင်ပြီး စောင်ကိုဆွဲဖယ်လိုက်တယ်။
“ငါ ယောက်ျားတစ်ယောက်နဲ့ တစ်ခါမှမလုပ်ဖူးဘူး”
“ငါရောပဲ”
အဲ့ကောင်က ကုတင်ပေါ်တက်ပြီး ကျနော့်ခြေထောက်ကြားကို ဝင်ထိုင်လိုက်တယ်။ ကျနော့်ရဲ့ ပျော့ခွေနေတဲ့လိင်တံကို လက်နဲ့လုပ်ပေးပြီး သူ့လျှာနဲ့လျက်တယ်။ ပြီးတော့ လိင်တံထိပ်ကို ပါးစပ်ထဲငုံပြီး အသွင်းအထုတ်လုပ်တယ်။ ကျနော့်လက်တွေနဲ့ အဲ့ကောင်ဆံပင်တွေကို ထိုးမွှေလိုက်တယ်။ စိတ်ဂရောင်ခြောက်ခြား ဖြစ်တာမဟုတ်ဘဲ၊ စိတ်လှုပ်ရှားသလိုခံရတယ်။ အဲ့လိုစိတ်မလှုပ်ရှားရတာ နှစ်ပေါင်းများစွာကြာပြီ။ ရင်ခွဲရုံမှာလူမသိအောင် အလောင်းတွေကို လိင်ဆက်ဆံတုန်းကတောင် အဲ့လိုမခံစားရဘူး။ ယောက်ျားနှစ်ယောက် လိင်ဆက်ဆံတဲ့အခါ ဘယ်သူကထိုးသွင်းခံဆိုတာ ဘယ်အချိန်မှာခွဲရလဲ။
“မင်းက ... ဘယ်လိုခေါ်လဲမသိဘူး၊ မိန်းမနေရာ ... ထိုးသွင်းခံတဲ့သူနေရာ နေမှာလား”
ကျနော်မေးတတ်သလို မေးလိုက်တယ်။
“ငါဖင်မခံချင်ဘူး”
“ငါရောပဲ”
“မခံဖူးလို့လည်း ဖြစ်ရင်ဖြစ်မှာ”
ကျနော့်ကိုစမ်းခံကြည့်ဖို့ ဆွယ်နေတာလား။ ဒါမှမဟုတ် သူခံကြည့်မယ်ပြောတာလား။
“အဲ့တော့ ... ဘယ်လိုဆက်လုပ်မှာလဲ”
“မင်းကစောက်ကလေးကျနေတာပဲ၊ လိင်ဆက်ဆံတိုင်း ကိုယ်ထဲ ထိုးသွင်းစရာမှ မလိုတာ၊ နှစ်ယောက်လုံး သာယာသလို လုပ်ရုံပဲ။ ထိုးသွင်းခံချင်လာတဲ့သူထဲကို ထိုးသွင်းမယ်”
အင်းဟုတ်သားပဲ။ အခုမှသတိထားမိတာ ကျနော့်လိင်တံက ပြန်မာလာပြီ။
“no homo က ဘယ်ချိန်အော်ရမှာလဲ”
ဟိုကောင်က ကျနော့်လိင်တံကို ပါးစပ်ထဲကပြန်ထုတ်ပြီး ရယ်တယ်။ ကျနော့်ကိုပြုံးပြီးကြည့်ပြီး ကျနော့်ချိုင်းကြားကို သူ့လက်နဲ့ ထောက်ပြီး သူ့မျက်နှာက ကျနော့်မျက်နှာနား ကပ်လာတယ်။ သူ့နှာခေါင်းကလေ အဝင်အထွက်ပြင်းပြီးမြန်နေတာကို ခံစားရတယ်။ ကျနော့်ခေါင်းအုံးအောက်ကို သူ့လက်ထိုးပြီး၊ ကျနော့်နှုတ်ခမ်းကို စနမ်းတယ်။ ကျနော့်လက်တစ်ဖက်က သူ့ခေါင်းကိုကိုင်ပြီး နောက်တစ်ဖက်က ကျောကိုကိုင်တယ်။ မိန်းကလေးတစ်ယောက်ကို နမ်းရသလိုပဲ။ ဒါပေမယ့် မိန်းကလေးတစ်ယောက်လို နူးညံ့မနေဘဲ တင်းမာနေတယ်။ အရိုးတွေ၊ အကြောတွေ၊ ကြွက်သားတွေ။ သူပေါင်ကြားက လိင်တံရောပဲ။
ရင်သားမရှိတဲ့ ရင်ဘတ်ချင်းထိမိတာက တစ်မျိုးကြီးပဲ။ အဲ့ထက်ဆိုးတာက ထောင်နေတဲ့ လိင်တံနှစ်ချောင်းကို ဘယ်လိုထားရမှန်း မသိတာပဲ။ အဲ့ကောင်က ကျနော့်ခေါင်းအောက်က လက်တစ်ဖက်ကို ဆွဲထုတ်ပြီး ဘေးကကောင်မလေးရဲ့ ရင်ဘက်ကိုဆွဲညစ်တယ်။ သူ့ကျောကို ဖက်ထားတဲ့လက်ကို ပြန်ရုတ်ပြီး၊ သူ့လိင်တံကို ရှေ့တိုးနောက်ဆုတ်လုပ်ပေးတယ်။ ဒါပေမယ့် တစ်ကိုယ်ရေအာသာဖြေတာနဲ့ လက်ပြောင်းပြန်ကြီးဖြစ်နေလို့ အဆင်မပြေဘူး။ လက်ကိုပြောင်းပြန်လှန်ပြီးမှ ပြန်လုပ်ပေးလိုက်တယ်။ အဲ့ကောင်က ကျနော့်နှုတ်ခမ်းတွေကို ကိုက်ဆွဲနေတယ်။ လျှာချင်းလည်း ပွတ်တိုက်နေတယ်။ လိင်တံတွေကတော့ မာနေတော့ အဲ့လိုပွတ်တိုက်လို့ရမယ်မထင်။
“မင်းထိုးထည့်ချင်ရင် အဲ့ကောင်မလေးထဲထည့်မလား”
အဲ့ကောင်က နမ်းနေတာခဏရပ်ပြီး မေးတယ်။ ကျနော်ခေါင်းညိတ်လိုက်တယ်။ သူကနောက်ပြန်ဆုတ်ပြီးတော့ ကောင်မလေးပုခုံးကနေဆွဲပြီး သူမခန္ဒာကိုယ်ကို ကျနော်အပေါ်တင်ပေးတယ်။ ကျနော်လက်တစ်ဖက်က ကောင်မလေးကို ဖက်ပြီး နောက်တစ်ဖက်နဲ့ ကျနော့်လိင်တံကို ကောင်မလေးရဲ့ လိင်နှုတ်ခမ်းဝနဲ့ တေ့လိုက်တယ်။ ပြီးတော့ သူမခါးပေါ်လက်တင်ပြီး ကျနော့်အောက်ပိုင်းကို ရှေ့တိုးနောက်ဆုတ်လုပ်တယ်။
“မင်းကရော မထည့်ချင်ဘူးလား”
ကျနော့်ခြေရင်းမှာ ဒူးထောက်ထိုင်နေတဲ့သူ့ကို မေးလိုက်တယ်။
“ဖင်ချလို့ရလား”
“ဘယ်သူ့ကိုလဲ”
“မင်းအလုပ်မခံချင်ရင် အဲ့ကောင်မလေးကို”
“ချောဆီလိုမယ်ထင်တယ်။ ငါတော့မစမ်းဖူးဘူး”
သူကချောဆီပုလင်းရှာပြီး သူ့လိင်တံကိုသုတ်လိမ်းပြီး ပွတ်သပ်တယ်။ ပြီးတော့ ကျနော့်အပေါ်က ကောင်မလေးရဲ့ တင်ပါးကြားလည်း သုတ်လိမ့်ပြီး အထဲကို ထိုးထည့်တယ်။ အဲ့အချိန်မှာ တံခါးဘဲလ်တီးသံကြားရတယ်။ ဒါပေမယ့် လုံးဝဂရုမစိုက်ဘဲ၊ ကောင်မလေးရဲ့ နောက်ပေါက်ထဲကို ထိုးထည့်ဖို့ ဆက်ကြိုးစားနေတယ်။ နည်းနည်းကြာတော့ ထိပ်ပိုင်းဝင်သွားလို့ထင်တယ်၊ သူ့လက်တစ်ဖက်က ကောင်မလေးရဲ့ ရင်ဘတ်ကိုလာကိုင်တယ်။ နောက်တစ်ဖက်က ကျနော့်ရင်ဘတ်ကို ပွတ်သပ်တယ်။ သူ့ခါးကကောင်မလေးတင်ပါးနားမှာ လှုပ်ရှားနေတယ်။ ကောင်မလေးကျောကိုဖက်ထားတဲ့ ကျနော့်လက်နဲ့ သူ့ရင်ဘတ်ကို ပြန်ပွတ်သပ်ပေးလိုက်တယ်။ အိမ်အပြင်ကတံခါးကို တဒုန်းဒုန်းထုသံကြားရတယ်။ အော်ပြောနေတဲ့အသံတစ်ခုခုလည်း ကြားရတယ်။ ဘာတွေပြောနေမှန်းတော့ ဂရုမစိုက်မိဘူး။
မျက်လုံးပိတ်ထားတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းတွေက ကြည့်နေရင်းနဲ့ ပြုံးလာတယ်။ မျက်လုံးတွေပွင့်လာတယ်။ ဒီမျက်လုံးတွေကို မြင်ဖူးတယ်။ ကျနော့်မိန်းမရဲ့ မျက်လုံးတွေ။ လက်တစ်ဖက်နဲ့ သူမရဲ့ခေါင်းကိုကိုင်ပြီး သူမရဲ့နှုတ်ခမ်းဖူးဖူးလေးတွေကို နမ်းလိုက်တယ်။ ဒီလိုသာယာမှု နောက်ဆုံးရခဲ့တဲ့အချိန်ကို သတိမရတော့ဘူး။ ငယ်ငယ်တုန်းက သူတို့မောင်နှမနှစ်ယောက်နဲ့ အတူတူဆော့ခဲ့တာကို ဘာလို့မှန်းမသိ သတိပြန်ရတယ်။
သူတို့ခြံထဲကမြက်ခင်းပေါ်မှာ ကျနော်တို့ဆော့ထားတဲ့ ဒိုင်နိုဆောအရုပ်တွေ။ ကျား၊ ဆင်၊ ခြင်္သေ့စတဲ့ တိရစ္ဆာန်ရုပ်တွေ။ ဝက်ဘီလူးလို့ ငယ်ငယ်ကခေါ်တဲ့ orc အရုပ်တွေ။ ခြံထဲက သစ်ပင်တစ်ပင်မှာ လုံးပတ်အတော်ကြီးတဲ့ သစ်ကိုင်းတစ်ခုရှိတယ်။ အဲ့သစ်ကိုင်းက နိမ့်နိမ့်လေး။ ကလေးတွေတောင် မြေကြီးပေါ်ကနေ ခွတက်လို့ရတယ်။ ကျနော့်သူငယ်ချင်းက ထသွားပြီး အဲ့သစ်ကိုင်းပေါ်တက်ထိုင်တယ်။ အရုပ်တွေနဲ့ ဆက်ဆော့နေတဲ့ သူ့အစ်မနဲ့ကျနော်က သူ့ကိုလှမ်းကြည့်တယ်။
“ငါလည်ပင်းရှည်ဒိုင်နိုဆောကြီး စီးနေတာ၊ နင်တို့လိုက်စီးမလား”
သစ်ကိုင်းပေါ်ကနေ ကျနော့်သူငယ်ချင်းက လှမ်းအော်တယ်။ သူ့အစ်မက ခေါင်းညိတ်ပြီး သစ်ကိုင်းပေါ်လိုက်တက်တယ်။ ကျနော်တစ်ယောက်တည်း ကျန်ခဲ့မှာစိုးတာနဲ့ ကျနော်လည်း ထလိုက်တယ်။
“ဒိုင်နိုဆောကြီးခဏရပ်ပါဦး၊ ဟိုကောင်လည်း လိုက်စီးချင်လို့”
သစ်ကိုင်းပေါ်ကို ကျနော်လည်းခွထိုင်လိုက်တယ်။
“သေချာကိုင်ထားနော်၊ သူ့သူငယ်ချင်းတွေနဲ့ ဝေးသွားလို့ ပြေးလိုက်ရမယ်တဲ့ ဒိုင်နိုဆောကြီးက”
သူမရဲ့ပေါင်နားက သစ်ကိုင်းသားကို ကိုင်လိုက်တယ်။ သူမကသူမမောင်ကို ဖက်လိုက်တယ်။ ဒိုင်နိုဆောကြီး ပြေးနေလို့ဆိုပြီး ရှေ့ကကောင်က ယိမ်းထိုးနေတယ်။ သူယိမ်းနေသလို သူ့အစ်မလည်းလိုက်ယိမ်းနေတယ်။ ကျနော်လည်း အဲ့လိုလိုက်လုပ်ရင်း၊ ပြုတ်ကျမလိုဖြစ်ပြီး သူမကိုဖက်လိုက်တယ်။ စိတ်ထဲမှာ သစ်ကိုင်းမဟုတ်တော့ဘဲ၊ ပြေးနေတဲ့ တကယ့်ဒိုင်နိုဆော စီးနေသလို မြင်ရတယ်။ ဘေးကသစ်ပင်တွေက တဖြည်းဖြည်း နောက်မှာကျန်ကျန်ခဲ့တယ်။
နောက်ကနေ တစ်ဒုန်းဒုန်းနဲ့ လိုက်လာတဲ့အသံကို အခုမှပြန်သတိထားမိတယ်။ နောက်မှာ ဆင်ကြီးစီးလာတဲ့ ဝက်ဘီလူးတွေ ပါလာတယ်။ ဝက်ဘီလူးတွေက ဘာတွေမှန်းမသိတာတွေ အ်ေနေတယ်။ ဝက်ဘီလူးတွေရဲ့ ဆင်ကြီးက ကျနော်တို့ဒိုင်နိုဆောကိုဝင်တိုက်လိုက်လို့ ဆူညံသံအကျယ်ကြီးကြားရတယ်။ ဝက်ဘီလူးတွေက ကျနော်တို့သုံးယောက်ကို ပြူးကြည့်နေတယ်။ ခဏနေတော့ ဝက်ဘီလူးတွေက ကျနော့်တို့ဒိုင်နိုဆောပေါ်ခုန်တက်ပြီး ကျနော်တို့ကိုဆွဲချတယ်။ ပြတ်ကျခါနီးမှာ လှမ်းဆွဲလိုက်တော့ သူမလက်ကိုကိုင်မိတယ်။ သူမလက်ကအေးစက်နေတယ်။ ဝက်ဘီလူးတွေက ကျနော်ကို ဖမ်းချုပ်လိုက်တဲ့အခါ၊ ဘာလို့မှန်းမသိ ဆီးသွားချင်သလို ခံစားရတယ်။ ဒါပေမယ့် လိင်တံထိပ်ကနေ မျက်ရည်တွေပန်းထွက်လာတယ်။